တပည့်တော်တို့ ဘုရားရှစ်ခိုးတဲ့အခါမှာ တဘတ်ပါရင် ပိုပြီးအကျိုးဖြစ်ထွန်းပါလား။ တချို့က စိတ်သာအဓိကပါလို့ ပြောပါတယ်။ တပည့်တော်ကို အဲဒီအကြောင်းလေး ရှင်းပြပေးပါဘုရား။
အင်း မိန်းကလေးများ ရှိခိုးတဲ့အခါ တဘတ်ပါရခြင်းအကြောင်းကတော့ မြန်မာ့ရိုးရာ အစဉ်အလာတစ်ခု ဖြစ်လိမ့်မည် ထင်ပါသည်။ မိန်းကလေးများ ပွဲလမ်းသဘင် တက်ရောက်ရာတွင် တဘတ်အသုံးပြုခြင်းကို ထောက်ဆကြည့်လျှင် တဘတ်သည် မိန်းကလေးများ၏ အဆင်းတန်ဆာလည်း ဖြစ်နိုင်ပါပေသည်။