အမေး။ ။ အမေရိကန်နိုင်ငံက အသက်(၁၁)နှစ်အရွယ်ခလေးတစ်ယောက်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၂၅၀)လောက် ပျံလွန်တော်မူခဲ့တဲ့ ဗုဒ္ဓဘုရားဝင်စားတယ်လို့ပြောကာ ကျောင်းဆက်မတက်တော့ဘဲ အိမ်ကို ပြန်လာခဲ့တယ်လို့ သိရပါတယ်။ Bostonမှာမွေးတဲ့ Jigme Wangchukလို့ခေါ်တဲ့ခလေးဟာ အခုဆိုရင် အိန္ဒိယနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ Darjeeling မြို့ရှိ ဗုဒ္ဓဘာသာဂိုဏ်းတစ်ခုမှာ ခေါင်းဆောင်အကြီးအကဲလုပ်ဖို့ ထွက်ခွာသွားပါပြီ။ သူ့ရဲ့ မိဘနှစ်ပါး ပြောကြားခဲ့တာကတော့ သူတို့ရဲ့သားဟာ ငယ်ငယ်ကတည်းက တခြားခလေးတွေနဲ့ မတူသလို စပြီးစကားပြောတတ်ချိန် (၂)နှစ်သားအရွယ်လောက်ကတည်းက သူ့ရဲ့ဘ၀ဟောင်းတွေကို စတင်ပြောခဲ့ပါတယ်။ ဒါတွေကို တပည့်တော် အင်တာနက်စာမျက်နှာတစ်ခုမှာ ဖတ်လိုက်ရပါတယ်ဘုရား၊ တပည့်တော်သိချင်တာက လူဝင်စားအကြောင်းနဲ့ ပတ်သက်ပြီး ဘုရားဟောနှင့်ညှိပြီး ဖြေကြားပေးစေလိုပါတယ်။
အောင်ကျော်နိုင်
ဆစ်ဒနီ၊ သြစတေးလျား