ခေတ်ကာလတိုးတက်လာတော့
လူငယ်ကလည်းလူငယ်အလျောက်၊ လူကြီးကလည်းလူကြီး အလျောက် ကိုယ့်ဘ၀တက်လမ်းအတွက် ခေတ်နဲ့အပြိုင်ကြိုးပမ်းနေကြရတယ်။
ဒီလိုမှ မကြိုးစားရင်လည်း နောက်ကောက် ကျန်နေရစ်မှာဆိုတော့ လူတိုင်းကြိုးစားမှ ဖြစ်မယ်လေ။
အလုပ်တစ်ခုကို မိမိက မကြိုးစားရင် ကြိုးစားသူတွေက နေရာယူသွားတော့ မိမိမှာလုပ်နိုင်တဲ့
အခွင့်အရေးတွေ ဆုံးရှုံးရတယ်။ အလုပ်ဆုံးရှုံးရတော့ စီးပွားရေးတွေ ကျသွားတယ်။ စီးပွားရေးအဆင်မပြေလို့
မိသားစုအဆင်မပြောတော့မှ နောင်တတွေရလာတယ်။ ဒါကစီးပွားရေးတစ်ခုတည်းကိုပြောတာ။ ကျန်တဲ့အပိုင်းတွေဖြစ်တဲ့
ပညာရေး၊ လူမှုရေးအပိုင်းတွေမှာလည်း ဒီလိုပဲဖြစ်တတ်ကြတယ်။ နောင်တဆိုတဲ့အတိုင်း နောင်အခါရောက်မှ
တနေရလို့နောင်တလို့ ခေါ်ကြတာ။ အဲဒီလို နောင်တမျိုး နောင်အခါ မတရအောင် စာဖတ်သူများအား
နောင်တဖြစ်နိုင်တဲ့အချက်တွေကို ဗုဒ္ဓစာပေတွေထဲကနေ ကောက်နှုတ်တင်ပြပေးလိုက်ပါတယ်။
ပျော်စရာ ကောင်းသည်
1 day ago

